မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁-၆-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်း အဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် (၈)ဦး၊ ဖိတ်ကြား၍ တက်ရောက်သူ (၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁-၆-၂၀၂၆)ရက်၊ မွန်းလွဲ(၁၄း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


