မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၇-၄-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာ ကော်မတီခန်းမ၌ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင် (၈)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဥပဒေပြုရေးဆိုင်ရာ ကော်မတီနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၇-၄-၂၀၂၆)ရက်၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



