ရေမြောင်းပေါ်ကျူးကျော်ဆောက်လုပ်နေသည့် အဆောက်အဦနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း
(၂၅-၆-၂၀၂၆)ရက်၊(ကြာသပတေးနေ့)၊ နံနက်(၁၀ ၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကောမတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပြည်သူများတင်ပြလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်ကြားထားသော ကာယကံရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


