8435

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ(၂)ခုအား တွေ့ဆုံဆွေးနွေးခြင်း

(၁၈-၉-၂၀၂၆)ရက်၊ (သောကြာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာဌာန(၂)ခုအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်းပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနများဖြစ် သည့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးရုံးတို့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်‌တော်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွား ရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊  ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနရှိတာဝန် ရှိသူများရှင်း လင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ဌာနများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေး မေးမြန်းခဲ့ကြပြီး ဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားကာ ပြည်နယ်လွှတ်တော်ပြည်သူ့ ငွေစာရင်း စိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူးမှ နိဂုံးချုပ်စကား ပြောကြား၍အစည်းအဝေးကို   (၁၁၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။