8407

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ(၄)ခုအား တွေ့ဆုံဆွေးနွေးခြင်း

(၁၁-၉-၂၀၂၆)ရက်၊(သောကြာနေ့)၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ‌ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၄)ဌာနအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်းပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တာ်ပြည်သူ့ ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံး သပ်ရေး ကော်မတီ အဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနများ ဖြစ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊  ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ (လျာထားချက်)နှင့် စပ်လျဉ်း၍ ဌာနရှိ တာဝန်ရှိသူများရှင်း လင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ် လွှတ်တာ်ပြည်သူ့ငွေစာရင်းစိစစ်‌ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံး သပ်ရေး ကော်မတီအဖွဲ့ဝင်များမှ တင်ပြခဲ့သည့်ဌာနများ၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေး မေးမြန်းခဲ့ကြပြီး မွန်ပြည်နယ်လွှတ်‌တော်ဒုတိယ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပြီးအစည်းအဝေး ကို   (၁၃၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။