| ယခင်အလုပ်အကိုင် |
တရားလွှတ်တော်ရှေ့နေ |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
အမှတ်(၁၂၇)၊ နှင်းဆီလမ်း၊ (၃၀)ရပ်ကွက်၊ သုဝဏ္ဏ၊ ရန်ကုန်မြို့ |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပက်သက်ပြီး မူလတန်းအနေဖြင့် သူငယ်တန်းမှ ပထမတန်းအထိ အ.မ.က (ရှမ်းစု) သထုံမြို့တွင်လည်ကောင်း၊ ဒုတိယတန်းမှ စတုတ္ထတန်းထိ အ.မ.က (၂၂) လှိုင်မြို့တွင်လည်းကောင်း၊ ပဥ္စမတန်းမှ ဒဿမတန်းထိ အ.ထ.က (၃) စမ်းချောင်းမြို့တွင် လည်းကောင်း၊ ဒဂုံတက္ကသိုလ်တွင် LL.B ဘွဲ့ကိုရရှိခဲ့ပါ သည်။ နိုင်ငံရေး/လူမှုရေးဆောင်ရွက်မှုအနေဖြင့် ကချင်ပြည်နယ်၊ စစ်ရှောင်စခန်းရှိ ကလေးငယ်များ အတွက် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု၊ ကိုယ်ပိုင်ပရဟိတ အဖွဲ့လေးတစ်ခု တည်ထောင် ထားပြီး သဘာဝဘေးအန္တရာယ်ကျရောက်သော မြန်မာနိုင်ငံအတွင်းရှိ ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ မွန်ပြည် နယ် ၊ ကော့လှိုင်းကျေးရွာရှိ မူလွန်ကျောင်း ဆောက်လုပ်ရေးနှင့် ကလေးငယ်များ၏ ပညာရေးထောက်ပံ့မှု၊ အမျိုးသမီးအိမ်တွင်း အကြမ်းဖက်ခံရမှု ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ဖန်တီးအိမ်နှင့်လက်တွဲဆောင်ရွက်ခြင်း၊ Pro Bona Case for the Poor and Marginalized People, Working Group Member for Legal Reform and Rule of Law at Myanmar Media Lawyer’s Network များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ ပြစ်မှု/ပြစ်ဒဏ်အနေဖြင့် ကျခံခဲ့မှုမရှိပါ၊
|
သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)