| ယခင်အလုပ်အကိုင် |
ဥယျာဉ်ခြံ |
| ရွေးကောက်ခံရသည့်လွှတ်တော် / မဲဆန္ဒနယ် |
တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)
|
| ပါတီအမည် |
မွန်ညီညွတ်ရေးပါတီ |
| လွှတ်တော်အမတ်အဖြစ် စတင်ထမ်းဆောင်သည့်နေ့ရက် |
20-3-2026 |
| လိပ်စာ |
ဖယ်ဒွတ်၊ ကျောင်းလမ်း၊ တိုးချဲ့ရပ်ကွက်သစ်၊ အောင်မင်္ဂလာရပ်၊ ရေးမြို့။ |
| ကိုယ်ရေးအကျဉ်း |
၁၉၇၇-၁၉၈၁ အထိ အ.မ.က(၅)၊ အောင်မင်္ဂလာရပ်၊ ရေးမြို့၊ ၁၉၈၂-၁၀၈၇ အထိ ရေးမြို့၊ ၁၉၈၈ အ.ထ.က(၃) ပုဇွန်တောင်၊ ရန်ကုန်မြို့။ ၁၉၉၂-၁၉၉၅ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပါသည်။ K.S.N Co.,Ltd၊ ရန်ကုန်တွင် ကုမ္ပဏီစာရင်းကိုင်၊ ကလေးဗဟိုပြုသင်ကြားရေးနည်းဆိုင်ရာ ပညာရေးပရိုဂရမ် ငြိမ်းဖောင်ဒေးရှင်းတွင် အစီအစဉ်ညှိနှိုင်းရေးမှူး၊ လူငယ်စွမ်းရည်မြှင့်တင်ခြင်း စီမံကိန်း ငြိမ်းဖောင်ဒေးရှင်းတွင် စီမံကိန်းမန်နေဂျာ၊ ငြိမ်းဖောင်ဒေးရှင်းတွင် မွန်ပြည်နယ်ရုံးခွဲတာဝန်ခံ အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
ရေးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်းတွင် တပ်ခွဲမှူး/ရေးထောက်အရာရှိ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း မြို့နယ်အလုပ်အမှုဆောင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကြက်ခြေနီအသင်းတွင် တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ခပေါင်းဆောင်သာယာရေးကော်မတီတွင် အတွင်းရေးမှူး၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတက္ကသိုလ်များ(ရန်ကုန်)၊ ပြန်ကြားရေးမှူး/အနုပညာတာဝန်ခံ၊ ရေးမြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် အတွင်းရေးမှူး၊ မော်လမြိုင်မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(MSCN)တွင် ညှိနှိုင်းရေးမှူး၊ မွန်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်တွင် ဦးဆောင်ကော်မတီဝင်၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာအရပ်ဘက် မဟာမိတ်အဖွဲ့(MATA)ဗဟိုဦးဆောင်ကော်မတီဝင်၊ ပြည်ထောင်စုအဆင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးကော်မတီ) တွင် ကော်မတီဝင်၊ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီအတွင်းရေးမှူး၊ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားကိုယ်စားလှယ်၊ (၇၄ နှင့်၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)တွင်ဥက္ကဋ္ဌ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) လူငယ်အဖွဲံဝင်(၁၉၉၀)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကနဦးတည်ထောင်သူအဖွဲ့ဝင်(၂၀၀၉)၊ (၂၀၁၉-ယနေ့ထိ)၊ မွန်ညီညွတ်ရေးပါတီ၊ ပါတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ၂-၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ရေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပါဝင်ယှဥ်ပြိုင် အနိုင်ရရှိခဲ့ပါသည်။ |
ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)