| အမည် |
ဦးချစ်တင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြိုု့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) |
| ယခင်အလုပ်အကိုင် |
ဥယျာဉ်ခြံ |
| ပညာအရည်အချင်း |
ဒုတိယနှစ်(သမိုင်း)
|
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
| အဘအမည် |
ဦးအုန်းသာ(ကွယ်လွန်) |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆)
|
| လိပ်စာ |
(၁)လမ်း၊ ဓနိတောတိုးချဲ့ကွက်သစ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့ |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး မူလတန်းပညာကို အမှတ်(၁)၊ မူလတန်းကျောင်းတွင်လည်းကောင်း၊ ပဥ္စမတန်းမှ ဆဋ္ဌမတန်းထိ အလယ်တန်းပညာကို အ.ထ.က အမှတ်(၁)တွင်လည်းကောင်း၊ အဋ္ဌမတန်းမှ ဒသမတန်းအထိ အ.ထ.က -၁ (တာမွေ)တွင်လည်းကောင်း၊ သင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် သမိုင်းအဓိကဖြင့် ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ဥယျာဉ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။နိုင်ငံရေး/ လူမှုရေးဆောင်ရွက်မှု အနေဖြင့် ၁၉၈၈ -၂၀၁၅ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြစ်မှု/ ပြစ်ဒဏ်အနေဖြင့် မရှိပါ။ |
ရေးမြိုု့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)