| ပညာအရည်အချင်း |
B.Sc(Chem;) |
| ရွေးကောက်ခံရသည့်လွှတ်တော် / မဲဆန္ဒနယ် |
တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)
|
| ပါတီအမည် |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| လွှတ်တော်အမတ်အဖြစ် စတင်ထမ်းဆောင်သည့်နေ့ရက် |
20-3-2026 |
| လိပ်စာ |
စိန်ပန်းလမ်းသွယ်၊ တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့နယ် |
| ကိုယ်ရေးအကျဉ်း |
သူငယ်တန်းမှ စတုတ္ထတန်းအထိ အ.မ.က(၁၁)သံဖြူဇရပ်မြို့၊ ပဥ္စမတန်းမှ ဒသမတန်းအထိ အ.ထ.က(၁) သံဖြူဇရပ်မြို့၊ ၁၉၉၈-၁၉၉၉ ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ် ရန်ကုန် (မော်လမြိုင်ဌာနခွဲ) မှ သိပ္ပံဘွဲ့(ဓါတုဗေဒ) ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ မွေးမြူရေးအစာနှင့် ဆေးဝါးရောင်းဝယ်ရေး၊ လူသုံးဆေးရောင်းဝယ်ရေး၊ အဆင့်မြင့်နှမ်းဆီမွှေးလုပ်ငန်းလုပ်ကိုင်ခဲ့ပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်အဆင့်ဆင့်မှ ယနေ့ခရိုင်ပါတီဥက္ကဋ္ဌဖြစ်လာသည့်အထိ၊ မွန်ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များအသင်းဝင်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ |
ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)