| အမည် |
ဉီးနိုင်ကြည်ဝင်း (ဒေါက်တာမင်းကြည်ဝင်း) |
| ယခင်အလုပ်အကိုင် |
ပြင်ပဆေးကုခန်း |
| ပညာအရည်အချင်း |
M.B.B.S (Ygn) |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်( ၂) |
| ပါတီအမည် |
မွန်အမျိုးသားပါတီ |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
အမှတ်(၂)၊ ရွှေဝါလမ်း၊ မြို့မ(၂)၊ မုဒုံမြို့ |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ (မွန်) မူလတန်းကျောင်း တွင် လည်ကောင်း၊ အ.ထ.က -၁ (မုဒုံ)တွင်လည်ကောင်း ပညာသင်ကြားခဲ့ပြီး မင်္ဂလာဒုံ ဆေးတက္ကသိုလ် - ၂တွင် ဘွဲ့ရရှိခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ၁၉၈၂ -၁၉၈၃ ခုနှစ်တွင် မုဒုံမြို့နယ် ကိုယ်ထူကိုယ်ထကျောင်း ကျန်းမာရေးဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေး / လှုမှုရေးဆောင်ရွက်မှုအနေဖြင့် ၁၉၈၉ - ၁၉၉၃ခုနှစ်ထိ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်အရွေးခံခဲ့ပါသည်။ ထို့ပြင် ၁၉၈၄ - ၁၉၈၆ ခုနှစ် အထိ မုဒုံမြို့နယ် ဆရာဝန်အသင်း တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ ပြီးမုဒုံမြို့နယ် အနန္တမေတ္တာ အခမဲ့ဆေးကုခန်းတွင် အလှည့်ကျဝင်ရောက်ကုသခြင်း ဆောင်ရွက်ခဲ့ပါသည်။ ပြစ်မှု / ပြစ်ဒဏ် အနေဖြင့် အရေးပေါ်စီမံမှု အက်ဉပဒေ (၅) (ည) ဖြင့် ၁၁-၁၂ -၁၉၉၈ မှ၄ -၆ -၂၀၀၄ ထိ မော်လမြိုင်အကျဉ်းထောင်တွင် အထိန်းသိမ်းခံခဲ့ရပါသည်။
|
မုဒုံမြိုနယ်၊ မဲဆန္ဒနယ်အမှတ် (၂)