| ယခင်အလုပ်အကိုင် |
Volunteer Teacher Of NLD Education Network, Principle Of Su Educational Institute |
| ရွေးကောက်ခံရသည့်လွှတ်တော်/ မဲဆန္ဒနယ် |
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်/ ပအိုဝ်းတိုင်းရင်းသားလူမျိုး |
| ပါတီအမည် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| အဘအမည် |
ဦးသောင်းရွှေ(ကွယ်လွန်) |
| လွှတ်တော်အမတ်အဖြစ်စတင်ထမ်းဆောင်သည့်နေ့ရက် |
(၈.၂.၂၀၁၆) |
| လိပ်စာ |
အမှတ်(၄၆၂)၊ ရွှေစာရံဘုရားလမ်း၊ သိမ်ကုန်းရပ်ကွက်၊ သထုံမြို့ |
| ကိုယ်ရေးအကျဉ်း |
ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး အ.ထ.က-၁(သထုံ)၊ အောင်သိပ္ပံ၊ Private School (မော်လမြိုင်)၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(မန္တလေး)နှင့် စက်မှုစိုက်ပျိုးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပညာသင်ကျောင်း (မန္တလေး)တို့တွင် ပညာသင်ကြားခဲ့ပါသည်။ အလုပ်အကိုင်အနေဖြင့် ၁၉၇၄- ၁၉၈၃ ခုနှစ်ထိ မန္တလေးမြို့၊ စာရင်းကိုင်စာနယ်ဇင်းလုပ်ငန်း၊ သမဝါယမအသင်းစုနှင့် ၁၉၈၃-၁၉၉၈ ခုနှစ်ထိ ဇရပ်ကြီးမြို့၊ ထန်းတစ်ပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအထက်တန်းကျောင်းတွင် Private School အထက်တန်းပြအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ နိုင်ငံရေး/လူမှုရေး ဆောင်ရွက်မှုအနေဖြင့် ၁၉၇၆-၁၉၈၂ ခုနှစ်ထိ လူငယ်ရေးရာညကျောင်း (မန္တလေးမြို့)တွင် အင်္ဂလိပ်စာပြဆရာမအဖြစ်လည်းကောင်း၊ ၂၀၀၉-၂၀၁၂ ခုနှစ်ထိ ဆင်းရဲသား လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာရေးလုပ်ငန်းများတွင် မီးအိမ်ရှင်အမေများကွန်ရက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ယနေ့အထိပညာဒါနကျောင်းများတွင် Volunteer Teacher (အင်္ဂလိပ်စာပြ) နှင့် တောင်ပိုင်းခရိုင်ပညာရေးကွန်ရက်ဇုံ(၃)တွင် (၅)မြို့နယ်ပညာရေး တာဝန်ခံအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။ ပြစ်မှု/ပြစ်ဒဏ်အနေဖြင့် ၁၉၈၉-၁၉၉၁ ခုနှစ်ထိ နိုင်ငံရေးပြစ်မှု/ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ်(၃)နှစ်နှင့် ၁၉၈၉ ခုနှစ်၏ အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ကို မရမ်းကုန်း မြို့နယ်အဖွဲ့ချုပ်ရုံးတွင် ထုတ်ဝေသောအခါ ကဗျာတစ်ပုဒ်နှင့်အတူ အခြားဆောင်းပါးများအတွက် တာဝန် ရှိသည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပါသည်။ |
ပအိုဝ်းတိုင်းရင်းသားလူမျိုး