ကျိုက်မရောမြို့နယ်အတွင်း သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၈.၁၁.၂၀၁၇) ရက်နေ့၊ နံနက် (၉း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် ကျိုက်မရောမြို့နယ်အတွင်း သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ဒေါ်မြသင်္ဂီမော်၊ ဥပဒေပြုရေးကော်မတီအဖွဲ့ဝင် ဒေါက်တာဒေါ်ကြင်စွမ်၊ မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပေါမောက္ခချုပ် ဒေါက်တာမီမီစိန်၊ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူးဒေါက်တာယဉ်ယဉ်အေး၊ ရုက္ခဗေဒဌာနတွဲဖက်ပါမောက္ခဒေါက်တာမိုးမိုးခိုင်၊ ဓာတုဗေဒဌာနတွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးချို၊ မြန်မာစာဌာနကထိကဒေါက်တာမျိုးမင်း၊ မြန်မာစာဌာနနည်းပြ ဦးလွင်မော်ဦးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ “ ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုကိုအထောက်အကူပြုသော ” သုတေသနစာတမ်းဖတ်ကြားနိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၈.၁၁.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၁း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


