စိုက်ပျိုးစရိတ်ချေးငွေများလာရောက်ချေးယူနေမှုများအခြေအနေကြည့်ရှုလေ့လာခြင်း
၂၂-၇-၂၀၁၅ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ချောင်းဆုံမြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်တွင် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးငွေရရှိရန် စောင့်ဆိုင်းနေသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ငွေထုတ်ချေးမည့်သူများသည် အလှည့်ကျရွာမှ လယ်သမားအားလုံးရုံးချိန်မတိုင်မီလာရောက်ကြပြီး စောင့်ဆိုင်းနေကြပါသည်။


