3605

စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၃-၇-၂၀၁၈)ရက်နေ့ထိ နံနက် (၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်  စီမံကိန်းရေးဆွဲခြင်းနှင့်ဘဏ္ဍာငွေစီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်စာရင်းစစ်ချုပ်၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများတက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် လုပ်ဆောင်ခဲ့သည့်စီမံကိန်းများနှင့် သက်ရောက်မှုများကို တက်ရာက်လာသူများမှ ပြန်လည်သုံသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သော စီမံကိန်းများကို ပုံဖော်ခြင်း၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၏ အခန်းကဏ္ဍ၊ သတ္တုတွင်းလုပ်ငန်းကဏ္ဍ၏ သက်ရောက် မှုများအားလေ့လာဆန်းစစ်ခြင်း၏ အဓိကတွေ့ရှိချက်များနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များ၊ တက်ရောက် လာသူများမှ ပြည်နယ်အတွက် အဓိကလိုအပ်သည့် စီမံကိန်းများကို ဆွေးနွေးခြင်းနှင့် အကောင်အထည်ဖော်မည့် အဆင့်များကို သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲရာတွင် ဌာနဆိုင်ရာအချင်းချင်းပေါင်းစပ်ညှိနှိုင်းရန် ထိရောက်မည့် နည်းလမ်းများကို ရွေးချယ်ခြင်း၊ ဘဏ္ဍာငွေမူဝါဒရေးရာများ ပိုမိုကောင်းမွန်လာနိုင်စေရန် ပူးပေါင်းဆောင်ရွက်နိုင် သည်များကို ဆွေးနွေးမှုများပြုလုပ်ကြပါသည်။