ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို(၃၀.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် မွန်ပြည်နယ် လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လွှတ်တော်ကြိုတင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ကျင်းပရေးဦးစီးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ တည်းခိုနေရာချထားရေးကော်မတီ၊ လုံခြုံရေး ကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးခန်းမ ပြင်ဆင်ရေးကော်မတီနှင့် မီးလင်းရေးကော်မတီအသီးသီးတို့မှ ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ပါသည်။


