ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညိုနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂.၆.၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၃၀)နာရီချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လွှတ်တော်ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက် ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေးဦးစီးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ တည်းခိုနေရာချထားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးခန်းမ ပြင်ဆင်ရေး ကော်မတီနှင့် မီးလင်းရေးကော်မတီအသီးသီးတို့မှ ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ပါသည်။



