ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၉.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်း အဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်မှူး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲ တပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ မွန်ပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းရေးစီမံချက်ကိုရှင်းလင်းပြေကြားခြင်း၊ ကျင်းပရေး၊ ဖိတ်ကြားရေး၊ တည်းခိုနေရာ ချထားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပြန်ကြားရေး၊ အစည်းအဝေးခန်းမပြင်ဆင်ရေးနှင့် မီးလင်း ရေးစသည့် ကော်မတီ အသီးသီးမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

