2501

နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်င်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပါအဝင်နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် အစိုးရတာဝန်များ အကြောင်း ဆွေးနွေးပွဲကျင်းပခြင်း

      ညီမျှခြင်းမြန်မာမှ ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပါ အဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် အစိုးရတာဝန်များအကြောင်းဆွေးနွေးပွဲကို (၂၅.၉.၂၀၁၇)မှ (၂၆.၉.၂၀၁၇) ရက်နေ့ထိ  နံနက်  (၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့ Royal Hinthar Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ မိတ်ဆက်ခြင်း၊ ကုလသမ္မဂနှင့် နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအေ ကြာင်း ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေးအထူးစောင့်ကြည့်မှု အစီအစဉ်အကြောင်းဆွေးနွေးခြင်း၊ နိုင်ငံအားလုံးအတွက် ပုံမှန်သုံးသပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာ စာတမ်းနှင့် နိုင်ငံတကာလူ့အခွင့် အရေးစာချုပ်များအကြောင်း ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတကာ မြန်မာနိုင်ငံ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အကြောင်း ဆွေးနွေးခြင်း၊ နိုင်ငံတကာ  နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကို မြန်မာနိုင်ငံမှ လက်မှတ်ရေး ထိုးနိုင်ရေးအတွက်ဆောင်ရွက်မှု ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာ၀ ပတ်ဝန်းကျင်းထိန်းသိမ်း ကာကွယ်စောင့် ကြည့်ရေး ကော်မတီဝင်များ၊ မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေး ကော်မတီ ဝင်များ တက်ရောက်ကြပါသည်။