ပြည်နယ်/တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးကဏ္ဍနှင့်ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ
(၇-၅-၂၀၁၆)ရက်နေ့၊ (၀၈း၃၀)နာရီအချိန်မှ (၁ရး၀၀)နာရီအချိန်ထိနှင့်(၈-၅-၂၀၁၆)ရက်နေ့၊ (၀၈း၃၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ The Asia Foundation နှင့် Renaissance Institude တို့ ပူးပေါင်းစီစဉ်သော ပြည်နယ်/တိုင်းဒေသကြီးအဆင့် အုပ်ချုပ်ရေးကဏ္ဍနှင့်ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ မိတ်ဆက် ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့်လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် ရုံးအဖွဲ့များ၊ ရသုံးမှန်းခြေရုံးအဖွဲ့များနှင့်ပြည်နယ်အဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားပြီး The Asia Foundation နှင့် Renaissance Institude တို့မှ ဦးမြင့်သောင်း၊ ဦးစိန်ဌေး၊ Dr.Matthew Arnoldနှင့် ဒေါ်ကြည်ပြာချစ်စောတို့မှ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်အကြောင်း၊ စည်ပင်သာယာရေးအဖွဲ့များ အကြောင်းနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပတ်သက်၍ လေ့လာတင်ပြချက်များအား ဆွေးနွေးတင်ပြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆောင်ရွက်ကြပါသည်။



