3161

ဘာသာရပ်ဆိုင်ရာသုတေသီများနှင့် MCL ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း

(၂၀.၃.၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ဘာသာရပ်ဆိုင်ရာသုတေသီများနှင့် MCL ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံဆွေးနွေးြ ခင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်၊ မော်လမြိုင်တက္ကသိုလ်မှ သုတေသနအဖွဲ့များနှင့် MCL ဘိလပ် မြေစက်ရုံမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ဘာသာရပ်ဆိုင်ရာသုတေသီများမှ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းပြီး၊ MCL ဘိလပ်မြေစက်ရုံမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြခြင်းများပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကို (၂၀.၃.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။