မြေယာဥပဒေအကြောင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် Land Core Group မြေယာမဏ္ဍိုင်အဖွဲ့မှ လယ်ယာမြေနှင့်ပတ်သက်သည့် သိရှိထားသင့်သည့်အကြောင်းအရာများ အလုပ်ရုံဆွေးနွေးပွဲကို ၂၅-၇-၂၀၁၆ ရက်နေ့မှ ၂၆-၇-၂၀၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် (၁၀)မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပြည်နယ်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ယူရှိသူများ တက်ရောက်ကြပါသည်။



