မွန်ဒေသမိရိုးဖလာမြေယာအသုံးပြုမှုဆိုင်ရာတွေ့ရှိချက်နှင့် အကြံပြုချက်စာတမ်းတင်ပြခြင်း အခမ်းအနားကျင်းပခြင်း
(၂၃.၂.၂၀၁၈) ရက်၊ သောကြာနေ့၊ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ဒေသမိရိုးဖလာမြေယာ အသုံးပြုမှုဆိုင်ရာတွေ့ရှိချက်နှင့် အကြံပြုချက်စာတမ်းတင်ပြအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ဒေသမိရိုး ဖလာမြေယာအသုံးပြုမှုဖော်ထုတ်ရေးကော်မတီအဖွဲ့များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်အဖွဲ့အား မွန်ဒေသမိရိုးဖလာမြေယာအသုံးပြုမှုဆိုင်ရာတွေ့ရှိချက်နှင့် အကြံပြုချက်စာတမ်းတင်ပြခြင်းအစီအစဉ်ကို ဆွေးနွေး ခဲ့ကြပါသည်။
အခမ်းအနားကို (၂၃.၂.၂၀၁၈)ရက်၊ သောကြာနေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။



