မွန်ပြည်နယ်နှင့်သက်ဆိုင်သော မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်(MIC)၏ ဆုံးဖြတ်ချက်များနှင့်လုပ်ငန်းစဉ်များအား ပြည်နယ်လွှတ်တော်ကော်မတီမှလေ့လာစိစစ် သုံးသပ်မှု ပြုလုပ်ခြင်း
သို့
………………………..
………………………..
ရက်စွဲ။ ။ …………………….
အကြောင်းအရာ။ ။ မွန်ပြည်နယ်နှင့်သက်ဆိုင်သော မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်(MIC)၏ ဆုံးဖြတ်ချက်များနှင့်လုပ်ငန်းစဉ်များအား ပြည်နယ်လွှတ်တော်ကော်မတီမှလေ့လာစိစစ် သုံးသပ်မှု ပြုလုပ်ခြင်း
မွန်ပြည်နယ်လွှတ်တော်၏ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ ဆောင်ရွက်မည့် အထက်ပါလေ့လာစိစစ်သုံးသပ်မှုတွင် လူကြီးမင်း၏ အကူအညီကိုရယူလိုပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နံှမှုများနှင့်စပ်လျဉ်ပြီး အဆင်ပြေချောမွေ့စေရေး အတွက်မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုကော်မရှင် (MIC)သည် အလွန်အရေးပါသောယန္တရားတစ်ခု ဖြစ်သည်ကို သိရှိပြီးဖြစ်ပါလိမ့်မည်။ ကော်မတီအနေဖြင့် လေ့လာစိစစ်သုံးသပ်ခြင်းကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ပြုလုပ်သွားပါမည်-
၁။ မွန်ပြည်နယ်တွင်မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုကော်မရှင်(MIC) မှလိုက်နာဆောင်ရွက် လျှက်ရှိ သောလုပ်ထုံးလုပ်နည်းများနှင့်ယန္တရားများအားလေ့လာရန် ၊
၂။ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှုကော်မရှင်(MIC)၏ဆုံးဖြတ်ချက်များ၊ ၎င်းနှင့်စပ်လျဉ်းသော စီမံကိန်းများသည် မွန်ပြည်နယ်၏ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကိုအကျိုးသက်ရောက်ပုံများအားလေ့လာရန်၊
၃။ မွန်ပြည်နယ်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး၊ ပြည်နယ်အစိုးရနှင့်ပိုမိုကောင်းမွန်စွာ ညှိုနိုင်းဆောင်ရွက်နိုင်စေရေးတို့ကို အထောက်အကူဖြစ်နိုင်စေမည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှုကော်မရှင်(MIC) လုပ်ငန်းစဉ်များပိုမိုကောင်းမွန်ရေး (လိုအပ်သည်ဟု လေ့လာတွေ့ရှိရပါက)အတွက် တိုးတက်ကောင်းမွန်မှုများ သတ်မှတ်ဖော်ထုတ် ပေးနိုင်ရန်၊
ရည်ရွယ်ချက်(၃)သည် လေ့လာစိစစ်သုံးသပ်မှုပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက် ဖြစ်ပါ သည်။ လွှတ်တော်၏အခန်းကဏ္ဍတစ်ရပ်ဖြစ်သော အပြန်အလှန်စောင့်ကြည့်ထိန်းကျောင်းခြင်းသည် စဉ်ဆက်မပြတ်တိုးတက်မှုများအား အမြဲတစေရှာဖွေဖော်ထုတ်ပေးရန်ဖြစ်ပါသည်။ လေ့လာစိစစ် သုံးသပ်မှုပြုလုပ်မည့် နည်းလမ်းသည်လည်းမွန်ပြည်နယ်၏ကောင်းကျိုးကိုရှေးရှုလျှက် ပြည်နယ်အစိုးရ နှင့်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်သွားမည့်ပုံစံ ဖြစ်ပါသည်။
ကော်မတီမှ လေ့လာစိစစ်သုံးသပ်သွားမည့် ကိစ္စရပ်များနှင့် ၎င်း၏ကဏ္ဍနယ်ပယ် (ခေါ်) Terms of Reference (ToR)အားပူးတွဲပါစာတမ်းတွင်ကြည့်ရှုနိုင်ပါသည်။
ထို့ကြောင့် အထက်ပါကော်မတီလေ့လာစိစစ်သုံးသပ်မှုနှင့် စပ်လျဉ်း၍ မည်သူမဆို၊ မည်သည့် (ဌာနဆိုင်ရာ၊ကုမ္ပဏီ၊အဖွဲ့အစည်း)မဆို ကော်မတီထံသို့ အကြံပြုစာများပေးပို့ခြင်း၊ အထောက် အထားများ တင်ပြပေးခြင်းများ ပြုလုပ်ရန်ဖိတ်ခေါ်လိုပါသည်။ ToRတွင်ပါရှိသည့် မည်သည့်အချက် ကိုမဆိုစိတ်ဝင်စားပါက အကြံပြုစာပေးပို့နိုင်ပါသည်။ အကြံပြုစာပေးပို့ရာတွင် ပေးပို့ရမည့်ပုံစံနှင့် လမ်းညွှန်ချက်သည်လည်း ဤဖိတ်ခေါ်စာနှင့်အတူတွဲလျှက် ပါရှိပါသည်။
နောက်ဆုံးထား၍ပေးပို့ရမည့်ရက်- မတ်လ၁၅ရက်၊ ၂၀၁၉ခုနှစ်
မွန်ပြည်နယ်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အကောင်းမွန်ဆုံးသော ရင်းနှီးမြုပ်နှံမှုများဖြစ်ပေါ်စေရေးအတွက် လေ့လာစိစစ်သုံးသပ်ပြုလုပ်ခြင်းတို့တွင် လူကြီးမင်းတို့၏ ပါဝင်ကူညီမှုအားလည်းကော်မတီအနေဖြင့်လည်းအထူးကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့ (အဖွဲ့ အစည်း)သည်လည်း ယခုပြုလုပ်မည့် လေ့လာစိစစ်သုံးသပ်မှုပါ အကြောင်းအရာများနှင့် သက်ဆိုင် သည့် ကဏ္ဍများတွင် လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်ဖြစ်ရာ ဤကော်မတီလေ့လာစိစစ် သုံးသပ်မှုတွင် ပါဝင်ခြင်းသည်လည်းလူကြီးမင်းတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအား လွှတ်တော် သို့ အသိပေးရာရောက်ပါသည်။
ကော်မတီသည် အကြံပြုစာများကိုလက်ခံယူပြီးနောက်တွင် ရွေးချယ်ထားသောပါဝင်ပတ်သက် သူများ (အကြံပြုစာပေးပို့သူအချို့လည်းပါဝင်နိုင်) နှင့် လိုအပ်ပါကကြားနာမှုများ ပြုလုပ်သွားပြီး အထောက်အထားများကို စုဆောင်းသွားပါမည်။ ကြားနာမှုများ ပြုလုပ်ပြီးစီးသည့်နောက်တွင် ကော်မတီသည် အစီရင်ခံစာတစ်စောင်ရေးသားထုတ်ဝေကာ လွှတ်တော်အစည်းအဝေးသို့ တင်သွင်း ပြီးအစိုးရဌာနများထံသို့လည်း စဉ်းစားသုံးသပ်နိုင်ရန် ပေးပို့သွားမည် ဖြစ်ပါသည်။ ယင်းအစီရင်ခံစာ တွင် ကော်မတီမှရှာဖွေတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အစိုးရဌာနများထံသို့ ယခုပြဿနာ ဖြေရှင်းရန်အတွက် သင့်လျော်သည့် မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များ ပါဝင်မည်ဖြစ်သည်။
အထက်ပါ လေ့လာစိစစ်သုံးသပ်မှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မေးမြန်းလိုပါက (သို့မဟုတ်) အကြံပြုစာပေးပို့လိုပါကကော်မတီရုံးခန်းသို့ ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန် –
ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ
မွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့ ။
ဖုန်း – 057-27492
Fax – 057-27492
Email – [email protected]

