မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၄.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှမွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းတိုင်းရင်းသားစာပေသင်ကြားသည့် နေ့စားလပေးဆရာ/ဆရာမများ၏ လုပ်ခလစာကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၂၄.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


