မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၈.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူဝင်မှှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဌာန မှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး(၂)ဦးတို့မှ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှ မွန်ပြည်နယ်(၁၀)မြို့နယ်ရှိ မြို့နယ်လဝကရုံးနှင့်ဝေးသော တိုင်းရင်းသားများမှတ်ပုံတင်ရရှိရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပါသည်။
အစည်းအဝေးကို (၂၈.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


