မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၆.၇.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ဲကြပါသည်။
အစည်းအဝေးတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လွှတ်တော်အစည်းအဝေးများ၌ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး နှင့် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီ်းတို့၏ ကတိဝင်ခဲ့သည့် မေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၂၆.၇.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


