မွန်ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၆.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်၊ ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် နှင့်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးများတွင် မေးမြန်းခဲ့သည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု များအား ဆွေးနွေးညှိနှိုင်းကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးအား (၁၃.၃.၂၀၂၀)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ကြားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးကို (၆.၃.၂၀၂၀ရက်နေ့၊ နေ့လည် ( ၁၂ း ၀၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


