616

မွန်ပြည်နယ်လွှတ်တော် ဗဟာဗျူဟာအစီအစဉ်ရေးဆွဲခြင်း၊ လွှတ်တော်ကော်မတီ ထိန်းညှိခြင်းနှင့် ပြည်သူ့ဆက်သွယ်ရေးလုပ်ငန်းများအတွက် UNDP ၏ အထောက်အကူပြုဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် မွန်ပြည်နယ်လွှတ်တော်တို့ပူးပေါင်း၍ လွှတ်တော် လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲခြင်း၊ လွှတ်တော်ကော်တီထိန်းညှိခြင်းနှင့်ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၊ ပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် အရာရှိများ တက်ရောက်ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် UNDP မှ စီမံကိန်းအရာရှိ
Mr. Phillipp Annawitt တို့မှအဖွင့်အမှာစကားပြောကြားပြီး မဟာဗျူဟာအစီအစဉ်ရေးဆွဲခြင်းကဏ္ဍတွင် စီမံကိန်းအတိုင်ပင်ခံ Ms. Pauline Ng မှ ကို စောင့်ကြည့်ခြင်းနှင့် လေ့လာသုံးသပ်ခြင်း အစီအစဉ်အား မိတ်ဆက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းမူဘောင်အဆင့်ဆင့်ရေးဆွဲခြင်းစသည်များ ဆွေးနွေးတင်ပြပါသည်။ ကော်မတီထိန်းညှိခြင်းကဏ္ဍတွင် ကော်မတီအစီရင်ခံစာမူကြမ်းရေးဆွဲခြင်း၊ ကြားနာခြင်းလုပ်ငန်းများကိုလေ့ကျင့်ခြင်းနှင့်သုံးသပ်ခြင်း၊ ကော်မတီ၏လုပ်ငန်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ကို လေ့လာသုံးသပ်ခြင်း ဆောင်ရွက်ကြပါသည်။

ကဏ္ဍနှစ်မျိုးပူးတွဲအစီအစဉ်တွင် လွှတ်တော်၏ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအား မိတ်ဆက် ခြင်း၊ ပြည်သူ့ရေးရာအချက်အလက်များ၊ ပြည်သူနှင့်ထိတွေ့ခြင်း၊ ပြည်သူများကိုယ်တိုင်ကိုယ်ကျပူးပေါင်း ပါဝင်လာစေရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအစီအစဉ်အား ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများမှ အချောသပ်ရေးဆွဲခြင်းဆောင်ရွက်ကြပါသည်။ ဆွေးနွေးပွဲတတိယနေ့တွင် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြပြီး လွှတ်တော်နှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

IMG_4496IMG_4504