2102

မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၉.၆.၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်MCLဘိလပ်မြေစက်ရုံနှင့်ပတ်သက်၍လျှစ်စစ်ဓါတ်အားသုံးစွဲမှုအခြေအနေ၊  မြန်မာနိုင်ငံရင်းနှီး        မြှုပ်နှံမှုကော်မရှင်နှင့် သဘောတူချုပ်ဆိုထားသည့် အချက်အလက်အား ကော်မတီမှ လေ့လာနိုင်ရေးအကြောင်းကြားရန်ဆွေးနွေးခြင်း၊ Ocean Super Center ဆိုင်ခန်းငှားရမ်းခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအားဖိတ်ကြားဆွေးနွေးနိုင်ရန်ဆောင်ရွက်ခြင်း၊   အေးကိုမိသားစုဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူ   ဆောင်ရွက်လျှက်ရှိသည့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်း(၃၇)မိုင်အား BOT စနစ်ဖြင့်ဆောင်ရွက်မှုအခြေအနေကို ကွင်းဆင်းလေ့လာစိစစ် ခြင်းကိစ္စရပ် အားဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။