4112

မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၈.၃.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ ချောင်းဆုံအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် Star Hight  ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ Star Hight  ကုမ္ပဏီမှ ချောင်းဆုံမြို့နယ်၊ ဟင်္သာကျွန်းတွင် သဲစုပ်ယူနေသည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၈.၃.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။