မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၉-၃-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီ ခန်းမတွင် အမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာကာကွယ်စောင့်ရှောက်ရေးကော်မတီ အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် တိုင်ကြားထား သည့် ပုဂ္ဂိုလ်များတက်ရောက်ကြပါသည်။
အစည်းအဝေးတွင်အမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီသို့ တိုင်ကြားထားသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။


