မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၃.၈.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူးတို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ယစ်မျိုးခွန်ဥပဒေ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာရေးဆွဲခြင်း ကိစ္စနှင့်စပ်လျဉ်း၍ဆွေးနွေးကြပါသည်။
အစည်းအဝေးကို နံနက်(၁၁း၄၅)နာရီအချိန်တွင်ရပ်နားခဲ့ပါသည်။


