5566

မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၃.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပရေးလုပ်ငန်း
ကော်မတီများ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်
လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အပါအဝင် စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအား
အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး နံနက်(၁၁း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည် –

အစီအစဉ်(၁)  ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၂)  ကော်မတီအသီးသီးမှ ရှင်းလင်းဆွေးနွေးခြင်း –

(က)    ကျင်းပရေးဦးစီးကော်မတီ၊

(ခ)     ဖိတ်ကြားရေးကော်မတီ၊

(ဂ)     တည်းခိုနေရာချထားရေးကော်မတီ၊

(ဃ)    လုံခြုံရေးကော်မတီ၊

(င)     ကျန်းမာရေးကော်မတီ၊

(စ)     ဧည့်ခံကျွေးမွေးရေးကော်မတီ၊

(ဆ)    ပြန်ကြားရေးကော်မတီ၊

(ဇ)     အစည်းအဝေးခန်းမပြင်ဆင်ရေးကော်မတီ၊

(ဈ)     မီးလင်းရေးကော်မတီ။

အစီအစဉ်(၃)  အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်(၄)  အစည်းအဝေးပြီးဆုံးပြီဖြစ်သဖြင့် အစည်းအဝေးတက်ရောက်လာသူများ အစည်းအဝေး
ခန်းမမှ ပြန်လည်ထွက်ခွာခြင်း။