3088

မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၈.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ရေးရာအစည်းအဝေးခန်းမတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်းရင်းသားလူမျိုးများ၏ မှတ်ပုံတင်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။

အစည်းအဝေးကို (၈.၃.၂၀၁၈)ရက်နေ့ ၊ နေ့လည် (၁၂း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။