2252

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၄.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာရင်းစစ်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်မှုကော်မတီ(ယထက)မှဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ မော်လမြိုင်မြို့နယ်ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ၏အများပိုင်ငွေများနှင့်ဝယ်ယူပြေးဆွဲလျှက်ရှိသောမှန်လုံယာဉ်လုပ်ငန်းအရှုံးပေါ်နေခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။