မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များ
(၃.၅.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကော်မတီမှ မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်ပိုင်မြေ(၈.၁၅)ဧကအား ရွှေဆည်တော်ဝင်ကုမ္မဏီလီမိတက်မှ ၎င်းတို့ပိုင်ဆိုင်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းကြားစာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ပြီး ၎င်းမြေအားမကျူးကျော်ရဆိုင်းဘုတ်ကို လာရောက်စိုက်ထူထားသည့်အပေါ် ဖြေရှင်းပေးရေးကိစ္စနှင့်ပတ်သက်၍ ဂွေးကုန်းအုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍ ရိုးဂိုးကျေးရွာအုပ်စုအတွင်းရှိ ရော်ဘာခြံမြေနှင့် ကြာအင်းကျေးရွာအုပ်စုအတွင်းရှိ နှစ်ရှည်ပင်ရော်ဘာခြံမြေများအား အိမ်ကွက်(၁၀၀၀)ရိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းခြံမြေသို့သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။
မွန်းလွဲ(၁၂း၀၀)နာရီအချိန်ခန့်တွင် မုဒုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နှီးပဒေါကျေးရွာ၊ လျှပ်စစ်မီးလင်းရေး ကော်မတီနှင့် တွေ့ဆုံပြီး ကျေးရွားမီးလင်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူလူထုများနှင့်အတူ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။



