မွန်ပြည်နယ်လွှတ်တော်နှင့် Forever Thanlwin Companyltd တို့ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၈.၃.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဆွေးနွေးပွဲခန်းမတွင် Forever Thanlwin Company Ltd., မှ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် မုတ္တမကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းတည်ဆောက်မည့် စီမံကိန်းလျာထားမှု နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲကို (၈.၃.၂၀၁၈)ရက်နေ့ ၊ မွန်းလွဲ (၄း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



