2878

မွန်ပြည်နယ်လွှတ်တော်နှင့်UNDPတို့ တွေ့ဆုံဆွေးနွေးခြင်း

(၁၉.၁.၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရုံးခန်း Call Room ၌ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် UNDP မှလာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင် UNDP ၏ ၂၀၁၈-၂၀၂၂ အစီအစဉ်အသစ်တွင် အပါ အ ဝင်ဖြစ်သော လွှတ်တော်ပိုမိုအားကောင်း ခိုင်မာရေးအစီအစဉ်သစ်အား မိတ်ဆက်ပေးခြင်းနှင့် မွန်ပြည်နယ် လွှတ်တော်အားပိုမိုကူညီပံ့ပိုးရန် ကမ်းလှမ်းမှုအားရှင်းလင်းတင်ပြခဲ့ပါသည်။ တွေ့ဆုံပွဲကို (၁၉.၁.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါ သည်။