မွန်ပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
(၁၆.၆.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၃၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော ်ရုံး၊ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ရှမ်းပြည်နယ်မှ ပြည်နယ်လွှတ်တော်ဒုတိ ယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ပါသည် –
အစီအစဉ်(၁) မွန်ပြည်နယ်လွှတ်တော်နှင့်
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား
စတင်ကြောင်း
ကြေညာခြင်း၊
အစီအစဉ်(၂) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ်(၃) ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ်(၄) မွန်ပြည်နယ်လွှတ်တော်နှင့်
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဦးချင်း
မိတ်ဆက်ခြင်း၊
အစီအစဉ်(၅) မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ
လွှတ်တော်၏လုပ်ငန်းဆောင်ရွက်ချက်များအား
ရှင်းလင်းတင်ပြခြင်း၊
အစီအစဉ်(၆) မွန်ပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ
ရေးရာကော်မတီ
အလိုက်
ဆွေးနွေးခြင်း၊
အစီအစဉ်(၇) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့မှ အမှတ်တရ
လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ အစီအစဉ်(၈) မွန်ပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနား
အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခြင်း။






