3716

မွန်ပြည်နယ်လွှတ်တော်နှင့် ငြိမ်းဖောင်ဒေးရှင်းတို့မှ တွေ့ဆုံဆွေးနွေးခြင်း

(၁၃.၈.၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင် မွန်ပြည်နယ်လွှတ်တော်နှင့် ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ငြိမ်းဖောင်ဒေးရှင်းသည် မွန်ပြည်နယ်တွင် “ ပြည်နယ်/တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ သုတေသနများမှ၏တစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးရေး(STEP ) ’’ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်ထားလျက်ရှိသည် ကို ရန်ကုန်ရုံးချုပ်မှ စီမံကိန်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပါသည်။

ဆွေးနွေးပွဲကို (၁၃.၈.၂၀၁၈)ရက်နေ့၊မွန်းတည့်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။