3200

မွန်ပြည်နယ်လွှတ်တော်နှင့် The Asia Foundation တွေ့ဆုံဆွေးနွေးခြင်း

(၂၉.၃.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ The Asia Foundation နှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူူနှင့်  အာရှဖောင်ဒေးရှင်းမှ သုတေသန အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲတွင် အာရှဖောင်ဒေးရှင်းသုတေသနအဖွဲ့သည် မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိအုပ်ချုပ်မှု စနစ် ဒုတိယအကြိမ်သုတေသနစာတမ်းအတွက် ၂၀၁၈ခုနှစ်တွင် ပြန်လည်ပြုစုလိုပါသဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါသည်။