မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၃.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ လမ်းဦးစီး ဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ MIC ခွင့်ပြုမိန့်အရ မလမ- သံဖြူဇရပ်ကားလမ်း B.O.T (၃၇) မိုင်တွင် ဂိတ်စ/ဆုံး B.O.T နှုန်းထားဖြင့် လမ်းအသုံးပြုခကောက်ခံရန်နှင့် B.O.T လမ်းကြောင်းပေါ်တွင် စည်ပင်ဘီးခွန်ကောက်ခံရေးဂိတ်များ မများစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေး ခဲ့ကြပါသည်။
အစည်းအဝေးကို (၁၀.၃.၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၅း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


