မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ ရေးမြို့နယ်၊ သပြေကုန်းကျေးရွာတွင် Southern Myanmar Co.,Ltdမှ ဆောင်ရွက်မည့်စီမံကိန်းနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်ပြနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါ သည်။
အစည်းအဝေးကို (၁၀.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


