1969

မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁.၆.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့  ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ  တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များသည် ၂၀၁၇ခုနှစ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအလိုက် ရေးဆွဲထားသော ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါအချက်အလက်များကို   နှိုင်းယှဉ်စိစစ်လေ့လာခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်   ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဦးစီးဌာနများ၏ လုပ်ငန်းအမည်စာရင်းများအား   လေ့လာစိစစ်ခြင်းတို့ကို   ဆွေးနွေးညှိနှိုင်း      ဆောင်ရွက်ခဲ့ပါသည်။

ကော်မတီအစည်းအဝေးကို (၁.၆.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။