မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၈.၁၁.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ ကွင်းဆင်း အစီရင် ခံစာဆွေးနွေး မှုကို လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်ရန် သင့်/မသင့်ဆွေးနွေးခဲ့ပါ သည်။
ကော်မတီအစည်းအဝေးကို (၈.၁၁.၂၀၁၇)ရက်နေ့၊နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


