မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၀.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေချထားမှုနှင့် သက်ဆိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်များအတွက် လိုငွေဖြည့်ဆည်းရန် ထောက်ပံ့ငွေတွက်ချက်ရာတွင် အသုံးပြုသည့်ညွှန်းကိန်းများ အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၁၀.၈.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


