မွန်ပြည်နယ်လွှတ်တော်ရုံး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
မွန်ပြည်နယ်လွှတ်တော်၏ဦးဆောင်မှုနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ Helvetas Myanmar, Network Activities Group (NPG) နှင့် ICUN တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေပြန်လည်ပြင်ဆင်ဖြည့်စွက် ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို (၈.၈.၂၀၁၇)ရက်နေ့၊ နံနက် (၈း၃၀)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရေလုပ်ငန်းကဏ္ဍ၌ လက်ရှိဆောင်ရွက်ထားမှုအခြေအနေများ ရှင်းလင်းခြင်း၊ နိုင်ငံတကာမှ ရေလုပ်ငန်းစုပေါင်းစီမံခန့်ခွဲမှုအစီအစဉ်များ ၏အတွေ့အကြုံများအား ရှင်းလင်းခြင်း၊ ဒေသတွင်းပြည်နယ်/တိုင်းများ၏ ရေချိုငါး လုပ်ငန်းဥပဒေပြုပြင်ပြောင်းလဲ မှုဖြစ်စဉ်များနှင့် ရလာဒ်များရှင်းလင်းခြင်း၊ မွန်ပြည်နယ်၏လက်ရှိရေလုပ်ငန်းဥပဒေအပေါ်လေ့လာမှုအရ အားနည်းချက်၊ အားသာချက်ကို ရေလုပ်သားများ၏အမြင်ဖြင့် ရှင်းလင်းခြင်း၊ ရေလုပ်ငန်းဥပဒေအပေါ် ဥပဒေပိုင်းဆိုင်ရာ အမြင်များရှင်းလင်းခြင်း၊ မွန်ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေအပေါ်တွင် ပြန်လည်ဖြည့်စွက်သင့်သည့် အကြောင်းအရာများဆွေးနွေးခြင်း၊ ရေလုပ်သားစီးပွားကဏ္ဍကိုထည့်သွင်းဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ရေလုပ်သားကိုယ်စားလှယ်များ၊ NGO၊ INGOs အဖွဲ့မှတာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို (၈.၈.၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၄း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။





