မွန်ပြည်နယ်လွှတ်တော်ရုံး၏ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲပြုလုပ်ခြင်း
မွန်ပြည်နယ်လွှတ်တော်ရုံး၏ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းပွဲကိုယနေ့နံနက်ပိုင်းတွင်လွှတ်တော်ရုံးရေးရာကော်မတီခန်းမ၌ ပြုလုပ်ရာ ကမ္ဘောဇပရိယတ္တိစာသင်တိုက်မှစာချဆရာတော်အမှူးပြုသော သံဃာတော် (၅)ပါးတို့ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဝင်များနှင့် ရုံးအဖွဲ့များတက်ရောက်ခဲ့ကြသည်။
ဦးစွာတက်ရောက်လာကြသူများက ကမ္ဘောဇပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်မူကြပါသည်။ထို့နောက် ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ကမ္ဘောဇပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။



