713

မွန်ပြည်နယ်လွှတ်တော်ရေးရာဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးပွဲ

မွန်ပြည်နယ်လွှတ်တော်မှ ကြီးမှူးပြီး ဂျာမနီနိုင်ငံအခြေစိုက် KAS အဖွဲ့နှင့်မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် National Enlightenment Institute တို့မှ ပံ့ပိုးမှုဖြင့် မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် (၁၉-၁၀-၂၀၁၅) ရက်နေ့ ၀၉း၀၀ နာရီမှ ၁၆း၃၀ နာရီ အထိ “မွန်ပြည်နယ်လွှတ်တော် ရေးရာဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေနှင့်လွှတ်တော် ကိုယ်စားလှယ် များ၊ NEIမှ နိုင်ငံခြားသားပညာရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ဖွံဖြိုး တိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော်ရုံးအဖွဲ့ဝန်ထမ်းများ စုုစုပေါင်း(၇၅)ဦး တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီ Dr.Alan Smith က ဂျာမနီနိုင်ငံ ဖယ်ဒရယ် စနစ်နှင့်ပတ်သက်ပြီးပြည်နယ်(၁၆)ခုနှင့်ပြည်ထောင်စုဥပဒေပြုမှု၊ ပြည်နယ်ပြည်ထောင်စုနှင့်ပြည်နယ်ဆက်စပ် ညှိနှိုင်းပြီး ဥပဒေပြုမှုများကိုလည်းကောင်း၊ Dr.Laubachမှ သြစတေးလျနိုင်ငံ ပြည်နယ်များနှင့်ပြည်ထောင်စုဥပဒေပြုမှုနှင့် ပြည်နယ်နှင့်ပြည်ထောင်စုဥပဒေပြု ညှိနှိုင်းဥပဒေပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆက်စပ်ပေးမှုကိုလည်းကောင်း ဆွေးနွေးတင်ပြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာကြသူများ မရှင်းသည်များ၊ သိလိုသည်များ မေးမြန်းကြပါသည်။

၎င်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများမှ အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းကာ မွန်ပြည်နယ်လွှတ်တော်၏ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုများနှင့်လာမည့်လွှတ်တော်သက်တမ်းကာလဆောင်ရွက်မည့် မဟာဗျူဟာ အတွက် အခြေခံအချက်အလက်များကို ဆွေးနွေးကြပါသည်။

IMG_4433IMG_4425