မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် ကော်မတီဝင်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီသို့ တင်ပြလာသောကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြ ပါသည်။
ကော်မတီအစည်းအဝေးကို (၃.၅.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၀၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


